

စတွေခဲ့တဲ့ ဗုဒ္ဓဟူး
အားလုံးထက် မထူးခြားပေမဲ့
ကိုယ့်ကိုတော့ ရူးသွားစေတယ်
စတွေ့တဲ့နေ့မှာ ရင်ခွင်ကိုဝှေ့တိုက်သွားတဲ့
မျက်ဝန်းလေပြေ တစ်စုံကြောင့်
လစ်ဟာသွားတဲ့ နှလုံးသားထောင့်တစ်နေရာမှာ
အချစ်ဆိုတဲ့ နွယ်ပင်လေး ရစ်နွယ်ခဲ့ပြီလေ...
ရုန်းမရအောင် တုတ်နှောင်ထားတဲ့
သံယောဇဉ်ကြိုးတွေနဲ့ မျက်ဝန်းလေးရဲ့
ဆွဲအားတွေကြောင့် ရွေရင်တံခါးဟာ
စေ့ထားလို့မရအောင်ပဲ ချစ်မိခဲ့ပါတယ်
မျက်ဝန်းလေးရယ်....
ကျွန်တော်ကတော့ သူ့ကို သဲသဲ လို့ ခေါ်တယ်

အရမ်းချစ်တယ် သဲလေးရယ်
နက်မှောင်ကေသာ ဆံနွယ်ဖြာလို့
လမင်းစန္ဒာ ပြုံးရောင်သန်းရင်း
နှုတ်ခမ်းချိုချို ပျားရည်သို့နှယ်
စွဲမက်ဖွယ်ရာ မျက်ဝန်းကြည့်က
နှလုံးသား ရင်ပြင်ကို
မူးနောက်စေတယ်....
မဟာဆန်ဆန် လှတဲ့သူလေးရယ်....
သဲရေ....
လ၀န်းချိုချို မင်းနှုတ်ခမ်းလေးကို
တမ်းတမိခဲ့ပေါ့.....
လွမ်းဆွေးမှု ဒီဂရီတွေလဲ
တဖြည်းဖြည်း မြင့်တက်နေပြီ..
အိမ်မက်ထဲအထိ
မင်းပုံရိပ်ရဲ့ အပြုံးတွေ
မင်းမျက်ဝန်းရဲ့ ဆွဲအားတွေက
ကို့နှလုံးသား ရင်ခုန်သံတွေကို
အမြဲတမ်း...ရပ်တန့်စေခဲ့ပြီ.
တကယ်လည်း ကိုဟာ
သဲကိုစတွေ့လိုက်တဲ့
ပထမဦးဆုံး စက္ကန့်မှာကတည်းက
နှလုံးသား တစ်ခုလုံး
ကျဆုံးခဲ့ရသူပါ...

ချစ်သူမှ ပေးခဲ့ဘူးသော ကဗျာတစ်ပုဒ်
ရေခြားမြေခြား ရောက်နေငြားလည်း
စွဲမြဲချစ်ခင် သံယောဇဉ်ကြောင့်
အစဉ်ထာဝရ သတိရနေမှာပါ
ကိုကိုရယ်.....
အချစ်ဆိုတာ အလို့ချစ်တယ် ဆိုကြပေမဲ့ ညီမကတော့ ကိုကို့ ကို အရမ်းချစ်လို့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာပါ ကိုကိုရယ်......
မတက်သာလို့ ခွဲခွါနေရပေမဲ့
အချစ်ဦးကိုကို့ကို ဘယ်တော့မှာ မမေ့ဘူးယုံနော်
အရမ်း လွမ်းတယ် ကိုကိုရယ်...
ကိုကို့ ကို အရမ်းချစ်တယ်.........
ကိုကို့ ကို ခိုင်မြဲတဲ့ အချစ်တွေနဲ့ မပြောင်းလည်းပဲ ထာဝရချစ်နေမယ်နော်...
ဝိုင်းစက်မျက်လုံး ချိုသာအပြုံးနှင့်
ရင်ကိုတိုးဆွ ချစ်သူအလှကို
ပျော်ရွင်မဆုံး အသက်ထက်ဆုံးထိ
ကြည်နူးမိတယ် ချစ်သူရယ်...
မြင်ရုံသာကြည့် နှလုံးသားအသိက
ကိုယ့်အချစ်ခိုင်မြဲ အစဉ်တူလက်တွဲဖို့
ဆုတောင်းဖူးတယ် ချစ်သူရယ်..
ချိုသာနှလုံး မင်းအပြုံးကို
မြတ်နိုးတွယ်တာ ရင်ခွင်ကမ္ဘာမှာ
နွေးထွေးစွာနဲ့ အစဉ်အမြဲ
မျှော်နေဆဲပါ ချစ်သူရာ...
ပိတောက်တွေ ပွင့်ချိန်ရောက်ရင်
ညီမကို သတိရနေမယ်....
ပိတောက်ပန်းလေးတွေ မြင်တိုင်း
ညီမကို လွမ်းနေမယ်..
ပိတောက်ပွင့်လေးတွေနဲ့
ရှင်သန်လာခဲ့တဲ့ အချစ်တွေကြောင့်
ကိုယ်ပြန်လာရင် ပိတောက်ပန်းလေးတွေနဲ့ပဲ
ကြိုပါနော်....လို့ သဲကို ကိုပြောဖူးခဲ့တယ်....
ရွှေဝါရောင်လူး
ပိတောက်ဖူးတို့
ပွင့်ဖူးဝေဆာ
နွေကမ္ဘာမှာ
ပန်းပိတောက်လို
နုပျိုဖူးပွင့်
လန်းစွင့်ခဲ့တဲ့
ကိုယ့်အချစ်ဟာ
သဲအတွက် ထာဝရပါ..................
အတွေးကမ္ဘာ
မျက်ဝန်းချင်းဆုံ
ရင်ခုန်အကြည့်
မင်းလေးသိစေချင်မိတယ်...
အိမ်မက်ထဲမှာလည်း
နေရာယူ...
အတွေးထဲမှာလည်း
စိုးမိုးနိုင်လွန်းသူမို့....
မတုန်လှုပ်ခဲ့တဲ့ နှလုံးသား
မင်းနဲ့မှ ချစ်တတ်ခဲ့ပါပြီ.....
“ချစ်ခြင်းတစ္ဆေ”
ကမ္ဘာကျဉ်းကျဉ်း ကိုယ့်ချစ်ခြင်းမှာ
လမင်းမသာ မိုးမရွာဘဲ
နေလည်းမပူ နှင်းမြူမကျ
တ-သ စွဲကြိုက်
အသဲခိုက်အောင်
ချစ်နေမယ်......
သနပ်ခါးရနံ မွှေးပျံနေတဲ့
ပါးပြင်နှစ်ဖက်....
နွေးထွေးကြင်နာ ယုယမှုပါတဲ့
သဲလက်တစ်စုံ....
ပန်းတို့ရှုံးတဲ့ အပြုံးတစ်ပွင့်
နူးညံ့ဖော်ရွေ ရွှန်းဝေနေတဲ့
သဲရဲ့မျက်နှာ...
နှင်းဆီရောင်သမ်း သဲနှုတ်ခမ်းနဲ့
ညှို့မျက်ဝန်းတစ်စုံ.........
အားသစ်မွေးဖွား သဲစကားတွေ
ကိုယ်လေ..ထာဝရ ပိုင်ချင်တယ်...
လရောင်လေးကိုပန်
ကြယ်များစွာကို နမ်းရှိုက်ရင်း
လှပသော ညဉ့်ယံမှာ
ချစ်စကားလေးတွေ သီကျူးရင်း
ရင်ခုန်ခြင်းများစွာနဲ့ အတူ
သဲလေးကို
ထွေးပွေ့ထားပါရစေ....
ချစ်သောသူအတွက်
လွမ်းပါရစေ မဝေးပါရစေနဲ့
နမ်းပါရစေ မဆွေးပါရစေနဲ့
တမ်းတနေ ချစ်သောသူအတွက်....
သဲအတွက်
အမှောင်ကမ္ဘာထဲမှာ ဆူးတွေအပြည့်နဲ့
ကန္တာကြီးဟာ ဘယ်လောက်ပဲ ကြမ်းပါစေ
သဲအတွက်ဆို ကိုယ်ဖြတ်သန်းမယ်..
အကွေ့အကောက်များတဲ့ ဘ၀ကြီးထဲမှာ
ဒုက္ခဆင်းရဲတွေ ဘယ်လောက်ပဲများပါစေ
သဲလက်ကိုတွဲပြီး ကိုယ်ရင်ဆိုင်မယ်...
သဲလေးရယ်...
ဖေဖော်ဝါရီ(၁၄)မှာ သဲကိုကတိပေးပါတယ်
ကိုယ်`သဲ´ရဲ့အသဲကို
ဘယ်တော့မှ ခွဲမသွားပါဘူး...
စိတ်တွေထွေထွေ
လွမ်းဝေေ၀နဲ့
မိုးကဆွေတော့
ချစ်၊လွမ်းတဲ့စိတ်ကို
ထိန်းမရခဲ့ပါ...
ကိုယ်ဟာ သဲအတွက်
တစ်ခုတည်းသော
`အချစ်ကောင်းကင်ပါ´
ကြင်နာခြင်း
မြတ်နိုးခြင်း
ယုယခြင်း
နွေးထွေးခြင်းများစွာနဲ့အတူ
သဲလေးကို လွမ်းခြုံထားချင်တယ်....
နေ့နေ့ညည တမ်းတလွမ်းလို့
အိပ်ရေးပျက်ပေါင်း များခဲ့ပြီ
ချစ်သူ...
တစ်နေရာဆီဝေး
ပြန်မဆုံသေးလည်း
တစ်နေ့မှမမေ့
အမြဲသတိရနေမယ်
ချစ်သူ...
ရင်မှာတမ်းတ လွမ်းသမျှကို
သဲလေးသိအောင် ကိုယ်ပြောချင်တယ်
ချစ်သူ...
ရင်ခုန်စရာ ညတွေကို
လိုချင်ပေမဲ့ သဲလေးနဲ့
ဝေးကွာနေရတဲ့ အချိန်မှာ
တမ်းတမှုနဲ့ ဖြေသိပ်နေရတယ်
ချစ်သူ...
ကိုယ်မင်းကို လွမ်းတိုင်း
ကောင်းကင်က ကြယ်ကလေးတွေ
ကြွေကျခဲ့မယ် ဆိုရင်
လမင်းကြီး အဖော်မဲ့နေမှာပေါ့
ချစ်သူ....
ယုံပါချစ်သူ
ရဲရဲရင့်ရင့် ယုံကြည်ပေးပါ
ကိုယ်ဟာ မတော်တဆမဟုတ်
ကျေကျေနပ်နပ်ကြီးကို
သဲရင်ထဲကို ခုန်ချခဲ့တာပါ...
ကိုယ်က သဲနဲ့ဝေးနေပေမယ့်
ကိုယ်နှလုံးသားက သဲအနားမှာ
အမြဲတမ်း ရှိနေမှာပါ...
အနမ်းတစ်ပွင့် ပန်းတစ်ပွင့်နဲ့
ကမ်းလင့်ဖြေဆေး သဲလေးပေးမှ
အနေဝေးသူ(ကိုယ်) ဖြေသာမည်...
မနက်ဖြန်တိုင်းမှာ
ပျော်ရွှင်စရာ အပြည့်ရှိတဲ့
သာယာလှပသော
ဘ၀သစ်လေးကို
ချစ်ခြင်းတွေနဲ့အတူ
ဆုံဆည်းပါရစေ...
သဲသဲလေးရေ
ပျော်ရွှင်စရာ အနာဂါတ်မှာ
လွမ်းစရာတွေ အဆုံးသတ်ပြီး
တမ်းတမျှော်လင့်ခြင်းတွေနဲ့
ကြည်နူးပျော်ရွှင်ဖွယ်ဘ၀လေးကို
အချစ်တွေ နားလည်မှုတွေနဲ့
ပေါင်းစည်းပြီး
လက်တွဲ..တည်ဆောက်ရအောင်နော်.
ညရဲ့လမင်း
ိတစ်သက်လုံး မခွဲစတမ်း ချစ်သွားရအောင်နော်
ညဘက်ဆို ကောင်းကင်က ကြယ်တွေမြင်တိုင်း
သဲနဲ့ တွေ့ချင်မိတယ်...
အမြဲတမ်း ခိုင်မာခြင်းတွေနဲ့ အချစ်တွေတည်ဆောက်ရင်း
ထာဝရ ချစ်သွားရအောင်နော်...
ကောင်းကင်ပြာပြာ ကြယ်ရောင်လက်လက်
လမင်းထွက်တိုင်း အလွမ်းစိတ်ကို
ထိန်းမရခဲ့တာ ညများစွာဟာ
သက်သေပါ ချစ်ရတဲ့ သဲလေး သိပါစေ...
လွမ်းတေးကဗျာ
သဲလေးရေ...မင်းရဲ့
ရွှန်းလဲ့ဝေဆာ
အကြည့်များတဲ့
မျက်ဝန်းတစ်စုံကို
ကိုတမ်းတနေဆဲပါ....
အမှတ်ရစရာလေးတွေ
ကြုံတွေ့လိုက်ရတိုင်း
သတိရနေတာတော့
တကယ်ပါကွာ...
ရင်မှာကြည်နူး
ချစ်ခဲ့ဖူးစဉ်က
ကိုတို့နှစ်ဦးယှဉ်လျှက်
ဆိုင်ကယ်စီးခဲ့ဖူးတဲ့
ကန်ရိုး.....
လမ်းမကြီးရယ်
အခုတော့ လွမ်းစရာကြီးနော်..
ဝဿန်အလွမ်း ချစ်အနမ်း
နယ်ရှစ်ခွင်တိုင်း မှုန်မှုန်မှိုင်းလို့
ဘယ်ဆီမျှော်မှန်း ရော်ရမ်းမသိ
အမှောင်တိလို့ အလင်းလည်းမထင်
မောင့်ရင်ခွင်လို လွမ်းမိုးတွေစို
ပျိုကညာဆီသို့ စာလွှာပို့လည်း
ညှို့မည်းနေဆဲ မောင့်ရင်ထဲမှာ
ပျို့ကိုတမ်းတ လွမ်းဝေဒနာက
ဖြေရှာမရအောင် ခံစားဆဲနေဆဲပင်...
မိုးနှင့်ချစ်သူ တူလေသည်မို့...
မိုးစက်ရယ်
ညှိုးချက်မပြယ်လို့
တိုးဆက်ကာရွာနေတာလားကွယ်...
ဝဿန်မိုးတွေ
စွေစွေရွာတိုင်း...
ရင်မှာလှိုင်းတို့
အတိုင်းမသိဖြစ်ခဲ့မိတာ...
မိုးနဲ့အချစ်ဟာ
အတူတူသာ တွေ့ခဲ့လို့ပါကွာ...
လွမ်းလှပြီကွယ်ချစ်သူရယ်..
အသူရာနှင့်သိကြား ၊ စစ်ခင်းထားတဲ့
ဝဿန်မိုးဦး ၊ မိုးသားကြူးရင်
ဇဗ္မူတစ်ခွင် ၊ သည်လွင်ပြင်မှာ
မိုးမှုန်မိုးစက် ၊ လျှပ်ပန်းခက်တို့
ပြန့်ကျဲဝေဆာ ၊ လွမ်းစရာပါ
မိုးစက်မိုးပွင့် ၊ မြေပြင်ဆင်းခွင့်
သည်အချိန်ခါ ၊ သည်ရာသီဆို
အလွမ်းဓာတ်ခံ ၊ ဆက်ရန်ရှိသူ
ကိုယ့်လိုလူအဖို့ ၊ ဝါဆိုမိုးစက်
မှန်းရခက်သလို ၊ မျှော်တိုင်းရင်နွမ်း
မစွမ်းတတ်သာ ၊ လွမ်းရက်ကကြာ...
ခုချိန်ခါ...
ဝေးနေချိန်
ချစ်လို့မ၀ ချစ်သူလှကို
နှလုံးသားနား ထားချင်သော်ငြား
ဘ၀ရှေ့ရေး စဉ်းစားတွေးပြီး
ခဏဝေးရ ရေမြေခြားဆီ ...
မိုင်ပေါင်းများစွာ ဝေးကွာနေလည်း
ကိုယ့်နှလုံးသား သူ့အနားမှာ
အစဉ်အမြဲ တည်ရှိနေဆဲ...
နေ့စဉ်ရက်ဆက် အလွမ်းနှိပ်စက်လည်း
ခံနိုင်စွမ်းရည် ကြိုးစားတည်၍
သဲနှင့်ဆုံရက် မျှော်လင့်ချက်ကို
ငံလင့်စောင့်စား အချစ်များဖြင့်
ဆက်လက်အားတင်း ချစ်ခြင်းပြုမည်
ကမ္တာတည်သ၍....
.
No comments:
Post a Comment